ဆုတောင်းမှားခဲ့သော
~~~~~~~~~~~Kသာမိုး(မန်းမြေ)
နက်မှောင်ခြောက်ခြား
မိုးညများရဲ့ မျက်ရည်တစ်ကွေ့အလွန်
ရင်စည်းခြား ကဗျာတစ်ပုဒ်လို
ငိုခဲ့သော ဂီတ။
ရှင်တော်ဘုရား
သစ္စာတည်ပါက မိုးစက်တွေဟာ
သူမ မျက်နှာလေးဖြစ်ပါရစေ။
စိုရွှဲရွှဲ မေတ္တာရဲ့အမှောင်
ငိုသံတွဲလဲ လမ်းမရဲ့အခြားတစ်ဖက်
လူမသိ သူမရှိ
ကဗျာတစ်ပုဒ်ပေါ်က မျက်ရည်တစ်စက်ရဲ့အသုဘ
မဝေးသော အရှုံးနဲ့သာ ပို့ကြရဲ့။
ရှင်တော်မြတ်ဘုရား
ဒီဘဝ ဒီမျှနဲ့သာ
ဝ၌ကြွေးရှိသမျှ ကြေပါစေ။
ရောင်စုံအိပ်စက်ခြင်းတွေကြားထဲက
သူမရဲ့အလှ
တအုံ့နွေးနွေး ရှိုက်သံကြားတိုးဝင်ငုတ်လျှိုး
တစ်နာရီစာ နွေညတရာ
ကဗျာသာ မင်း မဖြစ်ခဲ့ဘူးဆိုရင်
ခြေလှမ်းတွေက ငါ့ကိုလှောင်လိမ့်မယ်။
ရှင်တော်မြတ်ဘုရား
တပည့်တော် မက်မောတွယ်တာခဲ့ရတဲ့ကဗျာတစ်ခွက်ဟာ
ဓားသွားလို ခါးသက်သက်။
ကဗျာတစ်ပုဒ်ရဲ့ ဈာပနမှာ
ဘုရားတပည့်တော်အား
သံသရာမှ လွတ်မြောက်ခွင့်ပေးသနားတော်မူပါဘုရား။
Kသာမိုး(မန်းမြေ)
15/5/2019
No comments:
Post a Comment