May 14, 2019

လွမ်း

အဆင်မပြေမှု၊ စိတ်ဖိစီးမှု၊ အခက်အခဲ အကြပ်အတည်းတွေ အများကြီးကြားထဲကနေ ဦးနှောက်ကို ဖျစ်ညှစ်ထုတ်ပြီး ရေးထားတဲ့ ကဗျာတစ်ပုဒ်။

လွမ်း
----- Kသာမိုး(မန်းမြေ)

အကြိမ်ကြိမ်ရူးပြီး
မသေတဲ့ ပုစ္ဆာ
မိုးစက်တောက်လျှောက်
မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်။

သူကလွဲရင်
အရာရာဟာ သူပဲ။

နှစ်ပေါင်းများစွာကြာအောင်
သွေးတစက်စက်ကဗျာတွေ ရင်နင့်စွာကြွေခဲ့ဖူး
ခပ်တိုးတိုး ပျော်ရွင်ခြင်းဟာ
နက်ရှိုင်း လွင့်ခြောက်
ချောက်တစ်ခုထဲ ကျခဲ့တယ်။

Kသာမိုး(မန်းမြေ)
14/5/2k19

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...