ကျွန်တော်နှင့် ကျွန်တော်ချစ်သော ကဗျာတစ်ပုဒ်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
မီးလေးစိမ်းပြရုံနဲ့
အလိုလို ကြောက်ဒူးတုန်လာတယ်။
ဒါကို ကဗျာလို့စာတန်းထိုးမပြပဲ
မြတ်နိုးမိခဲ့။
ပင်လယ်ရေ ငါ့ကိုမပြုစားပါနဲ့ကွယ်။
အကြည့်တစ်ချက်ကို ရိုကျိုးမိလို့
တိမ်တွေကိုတောင် ငြင်းဆန်ခြင်တဲ့သူ။
မျက်ဝန်းရာဗရပွမှာ ကဗျာကိုတစိမ့်စိမ့်ထိုင်ကြည့်မိ
သူ့ကြောင့် ကောင်းကင်ကပြာနေတယ်ပဲဆိုမလား။
ထန်းပင်အိုအိုရဲ့ နေရီမှာ
ပန်းအကြွေတွေ နွမ်းခြောက်
ကဗျာလည်း လမ်းပျောက်ခဲ့တယ်။
ကဗျာတွေ ခြုံထားတဲ့
နွေရာသီဆန်ဆန် ကောင်မလေးရေ။
မင်းကို ရွတ်ဆိုမယ်။
လေပြေတွေ မြူးတူးပျော်ပါးကြ။
Kသာမိုး(မန်းမြေ)
23/3/2k19
No comments:
Post a Comment