မီတာ ၁၅၀၀ ရဲ့အကွာမှာ
~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)
ဘယ်အသက်ရှုခြင်းကိုမှ
ရပ်ဆိုင်းမပစ်တော့ပါဘူး
သူမနဲ့ မီတာ ၁၅၀၀ ရဲ့အကွာမှာ
ကြယ်တွေကိုလမ်းခင်းပြီး လျှောက်မယ်
ဝေးကွာခြင်းနဲ့ သေဆုံးခြင်းဟာ
ဘယ်နတ်ဘုရားမှ ကျိန်စာတိုက်မထားခဲ့
သင်္ခါရတရားကို စပရေးဖြန်းပြီး
နမ်းချင်တဲ့ကောင်
နင်နဲ့ မီတာ ၁၅၀၀ အကွာမှာ
သွေးစက်တွေအကြောင်း ဟားတိုက်ပြီးရယ်မယ်
သူမပေးတဲ့ မုသားကို
အကြိမ်ကြိမ်ဝတ်ပြုနေလည်း
ငါ့ရဲ့မိုက်မဲမှုအတွက်
မာကျူရီလောက်မှ တောက်ပခွင့်မပေးတဲ့နင်
ကမ္ဘာကိုကျမ်းကျိန်ပြီး
မာယာကို ပုဒ်မတက်မယ်။
နင်နဲ့ မီတာ ၁၅၀၀ အကွာမှာ
ငါ့နှုတ်ခမ်းတွေ အခိုးအငွေ့လိုပျောက်ရှ။
Kသာမိုး(မန်းမြေ)
6/2/2019 ဗုဒ္ဓဟူးနေ့
No comments:
Post a Comment