ဂတ်စ်မီးခြစ်
~~~~~~Kသာမိုး(မန်းမြေ)
"ခြစ်"ကာမှ ပူစေ
ရဲရဲကြီး "ချစ်"ပြ
ရေခဲရိုက်ထားလို့မှ မရတာ
သူလဲ "ခြစ်"
ကိုယ်လဲ "ခြစ်"
မီးတောက်တွေက ရဲ
ချစ်ခဲ့သမျှ ပြာဖြစ်
မနေနိုင်လို့ မေးကြည့်မိ
"မင်းက ကြာကြာ"ခြစ်"နေမှတော့ ပူမှပေါ့"
အခုတော့သိပြီ
"ချစ်"ရင် ပူတယ်ဆိုတာ။
Kသာမိုး(မန်းမြေ)
4/2/2019
No comments:
Post a Comment