Feb 18, 2019

လက်ဖက်ရည်ဆိုင်ထဲမှာ

လက်ဖက်ရည်ဆိုင်ထဲမှာ
~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

လက်ဖက်ရည်ဆိုင်ထဲမှာ
ချိုဆိမ့်တစ်ခွက်မှာတယ်
ပြီးတော့ ဆေးလိပ်တစ်ပွဲမှာတယ်
ပြီးတော့ စကားတွေချိုပြီးဆိမ့်နေအောင်ပြောတယ်
ဆေးလိပ်ကိုမီးညှိပြီး
လမ်းသွားလမ်းလာနဲ့ ညနေခင်းကိုဖွာရှိုက်ပစ်လိုက်တယ်
ပြီးတော့ ရေနွေးတစ်ခွက်နဲ့ပဲ
ကမ္ဘာကို လုံးထွေးပြီးမြိုချပစ်တယ်
လက်ဖက်ရည်ဆိုင်ထဲမှာ
ဘယ်နေရာကြည့်ကြည့်
မြင်ကွင်းတွေက
လုံးသွားလိုက်
ပြားသွားလိုက်
ဖောင်းပွသွားလိုက်
ညစ်နွမ်းနွမ်းဝန်းကျင်က သွေးဆာနေတဲ့နေညိုချိန်အကြောင်း
စောက်ဖောင်းထုရတာ အားရတော့မှ
ထပြန်ခဲ့လိုက်တယ်။

Kသာမိုး(မန်းမြေ)
18/2/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...