Feb 13, 2019

ပြိုင်ပွဲ

ပြိုင်ပွဲ
~~~~Kသာမိုး(မန်းမြေ)

စီးကရက်အငွေ့တွေကြားက အဲ့ဒီညနေကို
ငါမရှိုက်ဖွာခဲ့ဘူး။
နေဝင်ချိန်က ဇာတ်နာနာနဲ့ပဲကားလိပ်ချပြီးအိပ်တန်းပြန်သွားတယ်။
အဲ့ဒီလိုနဲ့ အမှန်တရားကခါးသွားတယ်မာယာ
မသောက်ချင်ပဲ သောက်လာရတဲ့အပြင်းစားအရက်တွေရော
သောက်ချင်လို့ သောက်လာတဲ့အပေါစားအရက်တွေရော
တန်ဖိုးချင်းကတော့ကွာပေမယ့် နာကျင်ပုံခြင်းကတော့တူတယ်မာယာ။
မင်းကိုလွမ်းတဲ့စိတ်လေးရော့သွားရင်ကို ငါကျေနပ်ပါတယ်။
မင်း မမှားဘူးမာယာ ဒါပေမယ့် ငါမှန်တယ်။
လောင်မြိုက်ခံနေရတဲ့စကားလုံးတွေကို
အဖိုးအခမပါတဲ့ မျက်ဝန်းတွေနဲ့ဖာထေးပြီး နင့်ရင်ဘတ်ဆီကိုပစ်သွင်းခဲ့
ဒါပေမယ့် အဲ့ဒီစီးကရက်က ငါနှုတ်ခမ်းနားမရောက်သေးခင်ပြာဖြစ်ခဲ့တယ်။
ပြောပါ မင်းပြောလိုက်စမ်းပါ..
မင်းငါ့ကို စောက်ရမ်းချစ်တယ်ဆိုတဲ့စကား
ငါခိုးကြည့်ခဲ့တဲ့ညနေတွေ
အိပ်မက်ထဲ တယုတယထည့်ပေးခဲ့တဲ့မနက်ဖြန်တွေ
ငါရင်ဘတ်နဲ့နမ်းခဲ့ပေမယ့်
ငါချစ်ခြင်းကိုပုဒ်မတပ် နင်ခြေဖဝါးနဲ့ဆောင့်ကန်ထုတ်ခဲ့။
အမှတ်တရကို လက်ခုပ်တီးပေးခဲ့တဲ့
မုသာဝါဒ နှုတ်ခမ်းဖျားအတွက်
ဂုဏ်သိက္ခာရှိစွာပဲ
ဒီပွဲမှာ ငါကျရှုံးကြောင်းဝန်ခံပါတယ်။

Kသာမိုး(မန်းမြေ)
14/2/2019

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...