Jul 14, 2018

တေလေတစ်ယောက် မှတ်တမ်း

တေလေတစ်ယောက် မှတ်တမ်း
~~~~~~~~~~~~~~~~~~~Kသာမိုး(မန်းမြေ)

ညရဲ့လ
တစ်ခြမ်းမပဲ့ခင်
ပုဇွန်ဆီရောင် ဆည်းဆာကို
အရူးအမူး ထုဆစ်ကိုးကွယ်ခဲ့
သူများတွေ ပြောနေကြတာ
နေဝင်ချိန်က လှပတယ်...တဲ့။

မျက်ရည်ကို ဖားလျားချပြီး
အသုံးချခံ ကံတရားကို
ဝါကြွားတဲ့ အလှ
လျှပ်ရောင်သန်း မိုးကုပ်စက်ဝိုင်းအောက်
ဆည်းဆာရှိုက်သံကြားတဲ့ ည
ငါ့ပုခုံးပေါ်က အိမ်အပြန်လမ်းဟာ
ကြယ်စင်တွေ မှိတ်တုတ်မှိတ်တုတ်

အိပ်ရေးမဝတဲ့ နံနက်ခင်း
အပူပင်တွေနဲ့ နိုးထလာတယ်
စာရွက်တွေ ပြန့်ကျဲနေတဲ့အခန်း
ငိုနေတဲ့ သမိုင်းတွေက အထပ်လိုက်ပဲ
နေရောင်ခြည်ကို ဆွဲဖွင့်
ဒဏ်ရာတွေ ပုခုံးပေါ်ထမ်းရင်း
မညီမညာ လမ်းကြမ်းထဲ
ဖိနပ်မပါပဲလျှောက်

ဪ....ငါ့နှယ်
ဒီနေ့လဲ မနေ့ကလိုပါပဲလား....

Kသာမိုး(မန်းမြေ)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...