Jul 12, 2018

သစ္စာတမ်းချင်း

သစ္စာတမ်းချင်း
~~~~~~~~~~ Kသာမိုး(မန်းမြေ)

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးဆိုတာ
ပိုးစုန်းကြူးငယ်လေးတွေ ပြောပြလို့
သိခဲ့ရတယ်
နေဝင်ရာ အရပ်တိုင်းမှာ
ငါ မတ်တပ်ရပ်နေဆဲ
ညရဲ့ ကျောပေါ်က
လေလွင့်သူရဲ့ အိမ်အပြန်
မြေခနေတဲ့ ချစ်ခြင်းတွေဟာ
ကပိုကယို ငိုလို့
မုသားရဲ့ လောင်းရိပ်ကျစကားစုဟာ
သစ္စာလို့သာ ရေးခြစ်မိချင်ရဲ့
ဒီကြယ်တွေ ကြွေကျလာတိုင်း
မေတ္တာငတ် သူရူးတစ်ယောက်
ထ ထ ဖောက်တယ်
ရေပြင်ညီမဟုတ်တဲ့ မျဉ်းရဲ့အနားသတ်
စတေးခံ ရင်ဝှက်ပန်းအား
လက်ကာပြပြီးနောက်
မရည်ရွယ်ပဲ စူးခဲ့တဲ့ကျိန်စာ
နိဂုံးဟာ မလှမပ
သေဆုံးပြီ ကတိကဝတ်ကို
ပြန်ဖမ်းယူရင်း
ခိုးကူးတွေလို copy ဆွဲမိတယ်
မသေချာလို့ ပြန်မေးကြည့်တော့
မင်းချည်တဲ့ကြိုး မခိုင်ဘူးတဲ့။

Kသာမိုး(မန်းမြေ)
12.7.2018

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...