Feb 3, 2018

၂၀၁၈ ခုနှစ်

၂၀၁၈ ခုနှစ်
~~~~~~~~~~~ MC ကာရံ​လေး

ယုံကြည်​မှုဟာ ထိုင်းမှိုင်း​လေးလံလာ​တော့
ရွှေချိုး(ဂျိုး)ဖြူက ဆွဲကြိုးချ​သေတယ်
ကျုံး​ဘေးမှာ ​ရောင်း​နေတဲ့ယင်​နားစာ​တွေက
၂၀၁၈ခုနှစ်​နဲ့ မတည့်​ဘူး
မ​နေ့တ​နေ့က လက်​ကျန်​​ကြောက်​စိတ်​အတု​တွေက
မြို့ငယ်​​လေး​တွေ​ပေါ် ​မေးတင်​လို့
ဒီနှစ်​လဲ
ဗန်းဆင့်​​ဗန်းဂိုးရဲ့ ပန်းခင်းထဲ
ပန်း​တွေ​ဝေ​ဝေဆာဆာ ပွင့်​နိုင်​ပါ့မလား?.......

MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...