Feb 3, 2018

သွေးအိုင်​ထဲ နစ်​​နေတဲ့က​ဗျာ

သွေးအိုင်​ထဲ နစ်​​နေတဲ့က​ဗျာ
~~~~~~~~~~~~~~~~~~~ MC ကာရံ​လေး

အခန်း​ထောင့်​မှာ ကပ်​ငြိ​နေတဲ့နာရီ​တွေ
လိုသလို ပုံသွင်းမရ​တော့
ကြေမွ​နေတဲ့ စာရွက်​​​တွေက
ငါ့ကို မ​ကျေမနပ်​​တောက်​​ခေါက်​​နေကြတယ်​......

လမသာတဲ့ညမှာ
အလင်းမရှိတာ ဆန်းသလား

ဒီလို
ကျိုးပဲ့​နေတဲ့ ည​တွေကို
ချိုးခြုံ​ချွေတာပြီး တိမ်​​တွေငို​နေတဲ့မြစ်​ထဲ
ရေဆန်​ကို ကြိုးစားကူးခတ်

အိမ်​မပြန်​​သေးတဲ့ က​ဗျာတစ်​ပုဒ်​ဆီ
ဘ၀ကို အပ်​နှံထားလိုက်​တယ်

လိုသလိုသာ
ထုဆစ်​ပါ​လေ......

ကြေးငှက်​​တွေ မတွန်​​တော့တဲ့နံနက်​ခင်းထဲ
သွေးညီနံ့ရ​နေတဲ့ ​လေ​တွေကို
အားခဲ ရှုရှိုက်

ည​​နေ ​မှောင်​စပျိုးလာ​တော့
စေ့ထားတဲ့ ပြတင်းတံခါး​တွေ
ပိတ်​ထားရတာ​ပေါ့
ဒါဟာ ထုံးစံ

ညက​တော့
နက်​သထက်​ နက်​လို့

ငယ်​ငယ်​တုန်းကလို
အိမ်​မကပ်​လို့ အရိုက်​ခံရတဲ့စကားလုံး​တွေက
ကောက်​​ကြောင်း​တွေ ပြည့်​​နေတဲ့စာရွက်​​ပေါ်
ချုံးပွဲချ ငိုယို

ဒဏ်​ရာ​တွေ အနာမကျတ်​​သေး​တော့
အရက်​​သောက်​ပြီး အန်​ချလိုက်​တဲ့က​ဗျာ​တွေက
သွေးစိမ်းရှင်​ရှင်​နဲ့

အမူးမ​ပြေ ရီ​ဝေ​နေတဲ့
အခန်းကျဉ်း​လေးထဲမှာတင်​ပဲ
ငါ့က​ဗျာဟာ  ပန်းမခင်းရ​သေးခင်
သွေးအိုင်​ထဲ မြုပ်​သွားတယ်​.....

MC ကာရံ​လေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံ​လေး
30.1.2018

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...