အရက်သောက်ဖြစ်တဲ့ နေ့တွေ
**************************** [ Kသာမိုး(မန္တလေး) ]
ပုလင်းထဲက လက်ကျန်ဟာ
ငှဲ့ထားတဲ့ ဖန်ခွက်ထဲက
သူ့အပြုံးလောက် ဘယ်တက်မက်ဖို့ကောင်းပါ့မလဲ
အဲဒီလိုပဲ ကျွန်တော်က
လက်ရှိဘဝကိုပဲ မက်မောတယ်။
ဒါပေမယ့်
မျိုသိပ်ထားတော့လည်း ခါးတယ်။
တွေးရင်းငို ငိုပြီးရင်းဆွေး
ရင်ထဲက နာလာလေလေ
ပိုမူးလေပေါ့
ဟောဟိုဘက်ရင်ခွင်ထောင့်လေးမှာ
မဖောက်ရသေးတဲ့ ပုလင်းအလွတ်
အသစ်စက်စက်တွေရှိတယ်။
ရေမရောပဲ သောက်ရတာ
သိပ်ခံရခက်တယ်မိမာယာ
နင်မပါတဲ့လမ်းကို လျှောက်နေရသလိုပဲ
ရင်ထဲကို ပူပြီးဆင်းသွားတာ
မူးသွားရင်တော့
သိပ်လှတဲ့ ဝေဒနာပဲ။
So Sad
နင်မရှိတော့ အရက်တွေသောက်တက်နေတယ်
So Sad
မူးလာတော့ နင့်ကိုပိုလွမ်းတယ်။
တစ်ရက် နှစ်ရက် ရက်ပေါင်း တစ်ထောင့်ငါးရာ
အရက်သောက်ဖြစ်လာတဲ့ နေ့တွေ
တစ်ခွက် နှစ်ခွက် အခွက်ပေါင်း တစ်ထောင့်ငါးရာ
မူးနေလည်း မမေ့နိုင်သေးတဲ့ အတိတ်တွေ။
Kသာမိုး(မန္တလေး)
10/3/2020
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Mar 11, 2020
အရက်သောက်ဖြစ်တဲ့ နေ့တွေ
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment