အရက်သောက်ဖြစ်တဲ့ နေ့တွေ
**************************** [ Kသာမိုး(မန္တလေး) ]
ပုလင်းထဲက လက်ကျန်ဟာ
ငှဲ့ထားတဲ့ ဖန်ခွက်ထဲက
သူ့အပြုံးလောက် ဘယ်တက်မက်ဖို့ကောင်းပါ့မလဲ
အဲဒီလိုပဲ ကျွန်တော်က
လက်ရှိဘဝကိုပဲ မက်မောတယ်။
ဒါပေမယ့်
မျိုသိပ်ထားတော့လည်း ခါးတယ်။
တွေးရင်းငို ငိုပြီးရင်းဆွေး
ရင်ထဲက နာလာလေလေ
ပိုမူးလေပေါ့
ဟောဟိုဘက်ရင်ခွင်ထောင့်လေးမှာ
မဖောက်ရသေးတဲ့ ပုလင်းအလွတ်
အသစ်စက်စက်တွေရှိတယ်။
ရေမရောပဲ သောက်ရတာ
သိပ်ခံရခက်တယ်မိမာယာ
နင်မပါတဲ့လမ်းကို လျှောက်နေရသလိုပဲ
ရင်ထဲကို ပူပြီးဆင်းသွားတာ
မူးသွားရင်တော့
သိပ်လှတဲ့ ဝေဒနာပဲ။
So Sad
နင်မရှိတော့ အရက်တွေသောက်တက်နေတယ်
So Sad
မူးလာတော့ နင့်ကိုပိုလွမ်းတယ်။
တစ်ရက် နှစ်ရက် ရက်ပေါင်း တစ်ထောင့်ငါးရာ
အရက်သောက်ဖြစ်လာတဲ့ နေ့တွေ
တစ်ခွက် နှစ်ခွက် အခွက်ပေါင်း တစ်ထောင့်ငါးရာ
မူးနေလည်း မမေ့နိုင်သေးတဲ့ အတိတ်တွေ။
Kသာမိုး(မန္တလေး)
10/3/2020
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Mar 11, 2020
အရက်သောက်ဖြစ်တဲ့ နေ့တွေ
တောင်းဆု
တောင်းဆု
*********** [ Kသာမိုး(မန္တလေး) ]
မိမာယာရေ...
နင်တစ်ယောက်တော့
လောဘ ဒေါသ မောဟတွေ ထိန်းချုပ်နိုင်ပါစေ
အရာရာကို အကောင်းမြင်တက်အောင်
လေ့ကျင့်သင်ကြားပါ မိမာယာ
လူတွေရဲ့စိတ်ကို မှီအောင်လိုက်ဖို့ဆိုတာ
တယ်မလွယ်တဲ့ကိစ္စပဲ။
လူတွေက ခက်တယ်မိမာယာ
တချို့တချို့ကကျ
တို့တွေရဲ့ ဘဝတစ်လျှောက်လုံး
ကူညီဖေးမခဲ့ဖူးတာတွေကိုကျ မေ့ပြီး
အပြစ်တစ်ခုလုပ်မိတာနဲ့
နှစ်ပြားမတန်အောင် ပြောဆိုခံရတော့တာပဲ...
လူတွေက ခက်တယ်မိမာယာရေ..
လူတွေက ခက်တယ်။
ဘုရားတရားလုပ်ပါ...
ခန္ဓီတရားကို ကျင့်ပါ....
စကားလုံးတိုင်းကို အထအနသွားကောက်လို့မရဘူး
စကားလုံး တစ်လုံးစီတိုင်းက
အဓိပ္ပါယ်တွေ ကျယ်ပြန့်တယ်
ကိုယ်ထင်ရင်တော့ ကုတင်ရွှေနန်းပေါ့မိမာယာ။
မိမာယာရေ...
ဟေ့... မိမာယာ
ငါခေါ်နေတာ နင်ဘာလို့မထူးတာလဲ
စကားကိုအဖတ်လုပ်ပြီး မပြောချင်တာလား...
မဟုတ်ပါဘူး...
တကယ်တန်းက နင်အလုပ်ရှုပ်နေတာမလား
ငါသိပါတယ် မိမာယာရေ
ငါနားလည်ပါတယ်...
လောကကြီးမှာ
လူတစ်ယောက်စီတိုင်းက ကိုယ်စီတာဝန်တစ်ခုစီရှိတက်ကြတာပဲ
သူလည်း သူ့ဘဝနဲ့သူလေ
ကိုယ်ကလည်း ကိုယ့်ဘဝနဲ့ကိုယ်ပေါ့
သူက ကိုယ်မှမဟုတ်တာပဲမိမာယာ....။
လူတစ်ယောက်မှာ အများကြီးကိုမျော်လင့်ထားလို့မရဘူး
လက်တွေ့ဖြစ်မလာတဲ့အခါကျ ကိုယ်ပဲခံစားရတာပဲ
အဲဒီလိုပေါ့မိမာယာ
ကိုယ့်လမ်းကိုယ် ဖြောင့်အောင်သွားပါ
ဘယ်သူတွေ ဘယ်လိုပဲ ဘာတွေပြောပြော
နောက်ကိုလုံးဝ လှည့်မကြည့်ပါနဲ့မိမာယာ
နင် အရမ်းပင်ပန်းလိမ့်မယ်
နောက်ကို လုံးဝလှည့်မကြည့်ပါနဲ့။
မိမာယာရေ
အရင်က ဖြစ်ခဲ့တာတွေကိုမေ့လိုက်တော့လေ
ဘာလို့ ပြန်ပြန်တွေးပြီး စိတ်မကောင်းဖြစ်နေတာလဲဟ
အတိတ်ဆိုတာ အသစ်မှပြန်မဖြစ်တော့တာပဲမိမာယာ
လက်ရှိ ပစ္စုပ္ပန်မှာ
အရင်ထက်ကောင်အောင် ပိုပြီးကြိုစားသင့်တယ်လို့
နင်နည်းနည်းလေးမှ မတွေးမိဘူးလားမိမာယာ
ငါပြောခဲ့ပြီးသားပါ နောက်ကိုပြန်မကြည့်ပါနဲ့လို့
အခုတော့ နင်ပင်ပန်းတာပေါ့ဟာ...။
မိမိယာရေ
နင် စိတ်ချမ်းသာလို့ ကိုယ်ကျမ်းမာပါစေ
တရားကို မြင်အောင်ကြည့်ပါ
အနိစ္စ ဒုက္ခ အနတ္တ
ငါတို့တပ်မက်ခဲ့တဲ့ ရုပ်ဝတ္ထုတွေက
တကယ်တော့ မတည်မြဲပါဘူး။
အဝေးကြီးကို ကြိုမတွေးပါနဲ့
လှေကားကို တစ်ထစ်ခြင်းတက်ပါ
တို့ဗုဒ္ဓဘုရားက ဟောခဲ့ဖူးတာရှိတယ်မိမာယာ။
အနိစ္စ အမြဲမရှိ
ဒုက္ခ ဆင်းရဲခြင်းသည်
အနတ္တ အစိုးမရပါတဲ့။
တရားပွဲတစ်ပွဲမှာ တရားနာချင်တဲ့သူထက်
အကမ်းအလှမ်းယူချင်တဲ့သူက ပိုများသလိုပေါ့မိမာယာ
လူတချို့က ဥစ္စာနဲ့မျှားရင်ရတယ်တဲ့
အဲဒီထဲ နင့်ကိုမပါစေချင်ဘူး
နင် မပါပါစေနဲ့မိမာယာရေ။
မိမာယာရေ
လူတစ်ချို့က မကောင်းကြဘူးဟ
သူများရူးလို့ ရူးကြတယ်
သူများပေါတိုင်း လိုက်ပေါကြတယ်မိမာယာရေ။
ကိုယ်မလုပ်နိုင်တဲ့အလုပ်တစ်ခုကို
တခြားသူ လုပ်တာမြင်လိုက်တာနဲ့
တံတွေးနဲ့လက်ညိုးတွေက တန်းစီနေတော့တာပဲမိမာယာရေ
ကိုယ့်စိတ်နဲ့နှိုင်းတော့ ရိုင်းကြသလိုပေါ့။
အမှန်တရားဆိုတာ ခါးတယ်မိမာယာရေ
လူတစ်ချို့က မှန်တာပြောရင်မကြိုက်ချင်ကြဘူး
ကိုယ့်ကိုကိုယ်တော့ ဟုတ်လှပြီထင်ပြီး
ငါသိ ငါတက်
ငါဘဝ ငါသာသခင် ငါသာဘုရင်ဆိုပြီး
အတ္တတွေ မောက်မာနေကြတာ
ပတ်ဝန်းကျင်အတွက်က အမြင်ရိုင်းတယ်မိမာယာ။
အခုက လူတိုင်းဟန်းဖုန်းတွေကိုယ်စီကိုင်နေကြတော့
ပိုဆိုးကုန်တာပေါ့ မိမာယာရယ်
တင်ပြ ရင်ပြမှ
အမြင်လှမယ် ထင်နေကြတာ
ခက်တယ် မိမာယာရေ
ခက်တယ်ဟ။
ငါလဲ ယောကျာ်းထဲက ယောကျာ်းတစ်ယောက်ပါပဲမိမာယာရေ
တခါတလေတော့လဲ သာယာမိတာပေါ့
ဒါပေမယ့်ပေါ့ မိမိယာရယ်
သူများရိုင်းလို့ ကိုယ်မရိုင်းရင်ပြီးတာပဲလေ
သူများရူးလို့ ကိုယ်မရူးရင်ရတာပဲ။
တကယ်တော့ မိမာယာရေ
နင်ဖြစ်စေချင်တဲ့အရာတွေက နင့်ရဲ့လက်တစ်ကမ်းမှာပဲရှိနေတာဟ
နင် ယူနိုင်ဖို့ပဲလိုတာပါ။
ပြီးတော့ ယူရဲဖို့ပဲလိုတာပါ။
နင်တစ်ယောက်
လူလိုတွေးပြီး လူလိုကျင့်ကြံနိုင်တဲ့
လူထဲက လူတစ်ယောက်
ဖြစ်လာပါစေလို့ပဲ
ငါဆုတောင်းနေပါတယ် မိမာယာရေ။
Kသာမိုး(မန္တလေး)
8/3/2020
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...