Jan 9, 2020

ကစားပွဲ

ကစားပွဲ
******Kသာမိုး(မန်းမြေ)

ငါတို့တွေ
မျက်ရည်ခြူတမ်းကစားခဲ့တဲ့ပွဲမှာ
မင်းမနိုင်ပေမဲ့ ငါရှုံးပါတယ်မိမာယာ။

နင့်ကိုမပေးဖြစ်ခဲ့တဲ့ ၅၀၀တန်လက်စွပ်လေးတစ်ကွင်းက
ငါ့အပေါ်မှာ မကောင်းဘူး
သူက စောက်ရမ်းရိုင်းတယ်
နင့်အကြောင်းတွေပဲ ငါ့ကိုလာပြောတယ်။

နင့်ဖတ်ဖို့အတွက်
နင်မဖတ်နိုင်တော့တဲ့ ကဗျာတွေရေးပြီး
မှန်ကြည့်မိတော့ နင့်မျက်နှာကိုမြင်ရတယ်။

သူက ငါ့ကိုပြုံးပြတယ်။

စောက်ရမ်း ရိုင်းတယ်။

တိုင်မှာ ချိတ်ထားတဲ့
နင့်နှုတ်ခမ်းပုံနဲ့ မာယာအထူကြီးကို
နင်မှတ်မိသေးလား မိမာယာ။

ပြီးတော့
နင်စိတ်ကောက်လို့ လိုက်ချော့ခဲ့ရဖူးတဲ့လမ်းကလေးတွေ။

ပြီးတော့ မဟာမြတ်မုနိရုပ်ရှင်တော်မှာ
ကတိသစ္စာပြုတဲ့အသံတွေ
နင်မနက်တိုင်းခေါ်တဲ့ miss call က
တစ်ချိန်ချိန်မှာ နာကျင်ရဖို့ဖြစ်ကြောင်း။

ငါတို့တွေ
မျက်ရည်ခြူတမ်း ကစားခဲ့တဲ့ပွဲမှာ
နင်မနိုင်ပေမယ့် ငါဒူးထောက်အရှုံးပေးပါတယ်မိမာယာ။

ငါဒီကဗျာရွတ်မိတဲ့အခါတိုင်း
ငါအလွမ်းတွေက နင့်ကိုလာသတ်ပါစေ။

Kသာမိုး(မန်းမြေ)
10/1/2K20

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...