ဆောင်း
-----------Kသာမိုး(မန်းမြေ)
သည်းသည်းလှုပ် နှင်းစက်တွေဟာ
ကိုယ်ပါ..လို့
မင်းတစ်ယောက်ကလွဲ ဘယ်ရင်ခွင်ပေါ်မှာ
ကြွေကျ အေးမြခဲ့ဖူးသလဲ။
ငါ့မှာတော့လေ
ဒီဇင်ဘာရောက်တိုင်း
နင့်အကြောင်း အလွမ်းတွေညို့နေအောင်ငိုတယ်။
ဆောင်းရာသီတဲ့
ဆောင်းစရာ အမိုးအကာမရှိတဲ့ပက်ကြားအက်ရင်အစုံအတွက်
ဘယ်လောက်တောင် အသည်းခိုက်အောင်နာလိုက်မလဲ။
နှင်းစက်ကလေးတွေ သိကောင်းပါရဲ့။
နှင်းတစ်စက်ရဲ့ ဈာပနမှာ
လွမ်းစရာ စကားလုံးရှားတဲ့ဥတုတစ်ရာသီအကြောင်းလည်း
သူမ သိကောင်းပါရဲ့။
ငါ့မှာတော့
လွမ်းရုံလေးပဲ တက်နိုင်တော့တယ်။
Kသာမိုး(မန်းမြေ)
2/12/2K19
No comments:
Post a Comment