ဒီမိုးသည်း
~~~~~~Kသာမိုး(မန်းမြေ)
ကောင်းကင်ဟာ လင်းလက်သွားလိုက်
တိမ်တွေ ကောင်းချီးဩဘာပေးသလိုမျိုး
လမ်းမဟာ ငိုချလာတယ်။
ခေါက်ရိုးကျိုးနေတဲ့ စာရွက်တွေ
မျက်ဝန်းပေါ် မင်းနာမည်နဲ့မှိုင်းညို့
ဒီမိုးသည်း
အိုဟောင်းနေ့စွဲနဲ့ အမှားခြစ်များ။
လမ်းဘေးပလက်ဖောင်းပေါ်က ညများ
စကားပြောဖော်မရှိတဲ့ လရောင်
တစ်ယောက်ထဲ ချောင်ကပ်နေတဲ့
ညမီးအိမ်
အခန်းကျဉ်းလေးရဲ့ ဒဏ်ရာအနာတရများ
အမည်းရောင်တိမ်တိုက်နဲ့ ကမ္ဘာ။
အခု မင်းရနံ့နဲ့
ကဗျာမှာ အခါခါ
ငါမပါတော့။
ဒီမိုးသည်း
ညများ။
Kသာမိုး(မန်းမြေ)
14/6/2k19
No comments:
Post a Comment