Jun 18, 2019

သစ္စာတိုင် တေး

သစ္စာတိုင် တေး
-------Kသာမိုး(မန်းမြေ)

ပန်းတစ်ခင်းက
အနမ်းဖြစ်စေ။

အလွမ်းသီချင်းက
လမ်းဖြစ်စေ။

ဟော... ဟိုး..မှာ လှမ်းကြည့်လိုက်။

ကြယ်တာရာတွေရယ်
လမင်းကြီးရယ်
ဆန်ဖွတ်နေတဲ့ အဖိုးအိုရယ်
သီချင်းဆိုနေတဲ့ ယုန်ကလေးရယ်။

ပြီတော့
ငါနမ်းနေကြ နှုတ်ခမ်းလေးရယ်....။

Kသာမိုး(မန်းမြေ)
18/9/2k19

Jun 14, 2019

ဒီမိုးသည်း

ဒီမိုးသည်း
~~~~~~Kသာမိုး(မန်းမြေ)

ကောင်းကင်ဟာ လင်းလက်သွားလိုက်
တိမ်တွေ ကောင်းချီးဩဘာပေးသလိုမျိုး
လမ်းမဟာ ငိုချလာတယ်။

ခေါက်ရိုးကျိုးနေတဲ့ စာရွက်တွေ
မျက်ဝန်းပေါ် မင်းနာမည်နဲ့မှိုင်းညို့
ဒီမိုးသည်း
အိုဟောင်းနေ့စွဲနဲ့ အမှားခြစ်များ။

လမ်းဘေးပလက်ဖောင်းပေါ်က ညများ
စကားပြောဖော်မရှိတဲ့ လရောင်
တစ်ယောက်ထဲ ချောင်ကပ်နေတဲ့
ညမီးအိမ်
အခန်းကျဉ်းလေးရဲ့ ဒဏ်ရာအနာတရများ
အမည်းရောင်တိမ်တိုက်နဲ့ ကမ္ဘာ။

အခု မင်းရနံ့နဲ့
ကဗျာမှာ အခါခါ
ငါမပါတော့။

ဒီမိုးသည်း
ညများ။

Kသာမိုး(မန်းမြေ)
14/6/2k19

Jun 11, 2019

ဒီနေ့ (သို့မဟုတ်) မနက်ဖြန်

ဒီနေ့ (သို့မဟုတ်) မနက်ဖြန်
-------------------------Kသာမိုး(မန်းမြေ)

အနိမ့်အမြင့်မညီတဲ့ တရားမှာ
ပျော်လိုက် ရွှင်လိုက်
ငိုလိုက် ရယ်လိုက်

လမ်းထိပ်က ဝေဒနာရောင်ကော်ဖီခါးခါးထဲ
အလိုအကျမှုတွေ ထည့်ပြီးဆွံ့အ,ခဲ့ဖူးတယ်။
နီးကြတယ်ဆိုပေမယ့်
ဝေးကြတယ်ဆိုရုံ
ပြီးတော့ ဝတ်လစ်စလစ်စကားလုံးများ။

ဒီနေ့ ပြီးတော့ မနက်ဖြန်
ပျော်လိုက် ရွှင်လိုက်
ငိုလိုက် ရယ်လိုက်

သူ့တို့ထားတဲ့ တရားမှာ
ငါဟာ ကြိုးဆွဲရာယိမ်းတဲ့ရုပ်သေးရုပ်
ပူလောင်မှုကို ကျောပေးရင်း
အဖေနဲ့အမေကို ပြုံးပြရတာ
အရမ်းပင်ပန်းတယ်။

တစ်ဖက်သတ်တိုက်ခိုက်မှုတွေနဲ့
ရုန်းကန်နေရတဲ့ နွံ
ခြောက်ကပ်ကပ် နေ့ရက်များ
ဒီနေ့ (သို့မဟုတ်) မနက်ဖြန်
ခန္ဓီတရားအတွက်
ငါ တာဝန်ကျေချင်ရဲ့။

ဒီနေ့ (သို့မဟုတ်) မနက်ဖြန်
လူတစ်ယောက်ကို
လေးလေးနက်နက် ပြုံးပြချင်တယ်။

Kသာမိုး(မန်းမြေ)
11/6/2k19

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...