Oct 19, 2018

နှင်းစက်များ

နှင်းစက်များ
~~~~~~~~Kသာမိုး(မန်းမြေ)

Snow လေး
စတင်ရင်းနှီးခဲ့တုန်းက အမည်နာမတစ်ခုပဲ
အစွန်အဖျားလေးတစ်ခုပေါ်
ကြွေကျခဲ့

နူးညံ့ပေမယ့်
အရက်စက်ဆုံး သူမ
အချစ်တက်ဆုံး အရပ်ဆီကဆည်းဆာဟာ
နေဝင်လုလု
ဒဏ္ဌာရီပုံပြင်ထဲမှာ
သူမ ကြိုးဆွဲရာက,ပြရတဲ့
အရုပ်လေးတစ်ရုပ် ဖြစ်ခဲ့ဖူးရဲ့

နှင်းစက်တွေ ငါ့ကမ္ဘာမှာအထပ်ထပ်အခါခါကြွေကျ
ဆောင်းနံနက်ခင်းက ဘဝတစ်ဖြတ်စာအမှတ်တရတွေ
ပြီးဆုံးခဲ့ လမ်းတစ်ဝက်မှာတင်
အထပ်ထပ်အခါခါ သေဆုံးနေဆဲ

ဘယ်ဘက်လက်ခလယ်က
လက်စွပ်လေးလို
အရာင်လွင့် မွဲခြောက်ခဲ့ရသလိုမျိုး

ဒီနှစ်လဲ
နှင်းစက်တွေ ငါ့ကမ္ဘာပေါ်
ကြွေကျတယ်

Kသာမိုး(မန်းမြေ)
19/10/2018(7:43 pm)

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...