Jul 23, 2018

ထိုတစ်နေ့

ထိုတစ်နေ့
~~~~~~Kသာမိုး(မန်းမြေ)

အစိုးရက လစ်လျူရှုထားတဲ့
နန်းရှေ့ ရေနီမြောင်းသံလမ်းဘေးကလမ်းမကြီးအတိုင်း
ကျီးပေါင်းတက်နေသလို ချိုင့်ခွက်ရာတွေအပြည့်
ကျွန်တော်က
ဒီလိုပဲ ခက်ခက်ခဲခဲနစ်မွန်းခဲ့ရသူပါမိမာယာ

ရင်ဘတ်အသေကြီးကို ဆုပ်ကိုင်ရင်း
အသက်မရှုတော့တဲ့နေ့စွဲတွေထဲ ထထလမ်းလျှောက်
ညဥ့်နက်မှာဝိုးတဝါး သာယာဆဲပါ

ဗန်းဆင့်ချစ်တဲ့ နေကြာခင်းလို
တစ်ချိန်က အပြာရောင်စိတ်ကူးလေးတွေခြယ်ခဲ့ပါရဲ့
အချစ်ဟာ ခါးတယ်မိမာယာ
သေချာတာ ကျွန်တော့်ကဗျာတွေသူမဖတ်ရသေးတာပဲ

မနေ့ညက အရက်သောက်ဖြစ်တယ်
အဲ့ဒီနေ့စွဲတွေက
မင်းအတွက် အသက်ရှင်သန်နေခြင်းပါမိမာယာ
ငါမူးလာတဲ့အခါတိုင်း စာရွက်တွေက ပြုံးပြုံးပြတယ်
ငါ့အတွက် မရေရာသေးတဲ့ခြေလှမ်း
တစ်စိတ်တစ်ပိုင်း သာသာရယ်ပါမိမာယာ

"ချစ်တို့ လမ်းခွဲကြရအောင်နော် မောင်"
အဲ့ဒီ massage တစ်စောင်နောက်မှာ
သေဆုံးခဲ့တဲ့ နှလုံးသားတစ်စုံ
အထပ်ထပ်အောက်စီဂျင်ပေး
နာကျင်မှုတွေကို တိုးတိုးလေးပဲရေရွတ်ခဲ့ရ
ကောင်းကင်ကို ငေးရင်း
မျက်ရည်တွေသွန်ချခဲ့တဲ့ ည

ထိုတစ်နေ့ဟာ
သေဆုံးခဲ့တဲ့ သေဆုံးခြင်းများသာ
ထိုတစ်နေ့ဟာ
အေးစက်တောင့်ခဲသွားတဲ့ ကော်ဖီခါးခါးတစ်ခွက်ရဲ့
ဖြောင့်ချက် တစ်စိတ်တစ်ဒေသပါ

သိပ်မကြာခင်
အနည်ထိုင်သွားခဲ့ရတယ်ဆိုတဲ့ အကြောင်း....

Kသာမိုး(မန်းမြေ)
23.7.2018
6:21 PM

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...