Jul 5, 2018

လက်စွပ်က ပြောပြနေသော သင့်အချစ်ရေး

အင်း...ဒီနေ့ ကဗျာလဲ မရေးဖြစ်တာကြာပြီ.ရေးလက်စ ဝတ္ထုကလဲ ခဏနားထားတယ်.သီချင်းကလဲ ရေးဖို့ feeling လာသေးပုဆိုတော့ အားလုံးလဲ ဗဟုသုတရအောင် လေ့လာမိသမျှ လက်စွပ်နဲ့ပတ်သတ်အကြောင်းအရာလေးတွေ တင်ပေးလိုက်ပါတယ်.တကယ်လို့သာ သင်ဝတ်ထားတဲ့ လက်စွပ်က အချစ်အကြောင်းကို ပြောပြနေတယ်ဆိုရင် သင် ယုံပါ့မလား?

သင့်လက်မှာ ဝတ်ထားတဲ့ လက်စွပ်က သင့်အချစ်ရေးကို ပြောပြနေတယ်.
အဲ့တာတွေက..............

�� လက်ဝဲ ��

1. လက်ဝဲလက်သန်းမှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ အိမ်ထောင်မပြုတော့ဘူးဆိုတာ ပြောပြနေတာပါတဲ့။

2. လက်ဝဲလက်သူကြွယ်မှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ လက်ထပ်ပြီးပြီဆိုတာ ဖော်ပြနေတာပါတဲ့။

3. လက်ဝဲ လက်ခလယ်မှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ စေ့စပ်ပြီးပြီဆိုတာ ဖော်ပြနေတာပါတဲ့။

4. လက်ဝဲ လက်ညှိုးမှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ အိမ်ထောင်မပြုရသေးကြောင်း ဖော်ပြနေတာပါတဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
�� လက်ယာ ��

1. လက်ယာ လက်သန်းမှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ ချစ်သူရည်းစား မထားချင်ဘူးဆိုတာ ဖော်ပြနေတာပါတဲ့။

2. လက်ယာ လက်သူကြွယ်မှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်...
- သင်ဟာ တစ်သုံတစ်ယောက်နဲ့ ချစ်ကြိုက်နေကြောင်း ဖော်ပြနေတာပါတဲ့။

3. လက်ယာ လက်ခလယ်မှာ သင်ဟာ လက်စွပ်ဝတ်ထားမယ်ဆိုရင်...
- သင့်မှာ ဘဝတစ်သက်စာအတွက် လက်တွဲဖော် ရှိနေပြီဖြစ်ကြောင်း ပြောပြနေတာပါတဲ့။

4. လက်ယာ လက်ညှိုးမှာ သင်ဟာ လက်စွပ်ဝတ်ထားတယ်ဆိုရင်....
- သင်ဟာ တစ်ကိုယ်ရေတစ်ကာယဖြစ်ကြောင်း ဖော်ပြနေပါတယ်တဲ့။

အခု သင်ရော လက်စွပ်ကို ဘယ်လက်မှာ ဝတ်ထားပါသလဲ?

အခု တင်ပြပေးခဲ့တာတွေက လက်တလော ဖတ်မိမှတ်မိလေ့လာမိသမျှအရာတွေထဲက တစ်ခုပါ.လက်စွပ်နဲ့ပတ်သတ်လို့ နောက်ထပ်လည်း အများကြီးကျန်နေဦးမှာပါ.နောက် ကြုံရင်လဲ တင်ပေးပါ့မယ်ဗျာ.အခုတော့ အိပ်ပြီဗျာ. ခေါ...ခလော...ခလူး...ခူး.... :D

Kသာမိုး(မန်းမြေ)
http://mckaryanlayy.blogspot.com
ကြိုးစားနေလျက်.........

No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...