ငါတို့ မန္တလေး
~~~~~~~~~~ MC ကာရံလေး
ကျုံးထဲမှာ ရေသေတွေ
ငြိမ်နေကြတယ်.....
တရားသောစစ်ကတော့
လမ်းကြုံစကား ပါးလိုက်လေရဲ့
ဒီနှစ်ထဲ
ကျွန်တော် အိမ်ပြန်တာနောက်ကျမယ်ဆိုတာ.....
နန်းရေပြင်မှာ ပက်လက်ကလေးဇိမ်ခံနေတဲ့ဗေဒါတွေက
နှစ်ရှည်သီးပင်လား?
ကျုပ်လဲ ဒီအဖြေကိုသိချင်နေတာ....
သမိုင်းက နိုပ်စက်လို့ပြီးရင်
ဓားခုတ်ရာတွေ ဆေးထည့် ပတ်တီးစီးပေးပါ..
ကျုပ် ဒီစာအုပ်ဖတ်လိုပြီးရင်
ခင်ဗျားလည်း အနာကျတ်သွားလိမ့်မယ်....
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
No comments:
Post a Comment