ဒီနေ့ 13.2.2018 (အင်္ဂါနေ့)
ပုသိမ်ကြီးမြို့နယ် စိမ့်စမ်းရည် ဘ/က ကျောင်းတွင် စု အင်အား ပရဟိတအွန်လိုင်းမောင်နှမများမှပြုလုပ်တဲ့ ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ဟောပြောပွဲမှာ ရွတ်ဖတ်ခဲ့သော ကဗျာနှင့် ပုံရိပ်များ.......
ဒီနေ့ ကောင်းကင်ဟာတိမ်တွေပြာခဲ့တယ်....
~~~~~~~~~~~~~~~~~~~~~~~~~~~~~ MC ကာရံလေး
ဒီနေ့ ကောင်းကင်မှာ
တိမ်တွေပြာခဲ့တယ်
ရင်ခွင်ရိုင်းတို့ နဲ့ မှောင်မိုက်နေသောကမ္ဘာမြေ
ယမ်းငွေ့တွေနဲ့ မစိမ်းလန်းပေသေးပေမယ့်
မွေးကင်းစကလေးငိုသံဟာ
ဒီမြေမှာ ပန်းပွင့်ခဲ့သလိုမျိုး
ဒီနေ့ ကောင်းကင်မှာ
တိမ်တွေပြာခဲ့တယ်...
အမှောင်
အမှောင်
အဲ့ဒီအမှောင်ဆိုတာကြီး ကျုပ်မကြောက်တော့ဘူး
ဘာလို့လဲဆိုတော့
ဒီနေ့
ကောင်းကင်မှာ တိမ်တွေပြာခဲ့တယ်
ဟုတ်တယ်
ဒီနေ့
ကောင်းကင်မှာ တိမ်တွေပြာခဲ့တယ်.
နောက်မှ သိလိုက်တယ်
အဲ့ဒီကောင်းကင်ပြာကြီးက
ပဲပြုတ်နဲ့နံပြားကို အရမ်းကြိုက်တယ်တဲ့
ကျွန်တော်
ကောင်းကင်ပြာကြီးကို လွမ်းတက်လာပြီ
သူကြောင့်ပေါ့
ဒီမြေမှာ ပန်းတွေဝေခဲ့တာ
အဲ့ဒီနေ့
ကောင်းကင်မှာ
တိမ်တွေ ပြာခဲ့တယ်
MC ကာရံလေး
No comments:
Post a Comment