"သွေးစွန်းနေတဲ့ ဟိုင်းဝေးလမ်းမထက်တစ်နေရာမှာ"
*********************************
နှလုံးသားတစ်စုံနဲ့အရင်းခံပြီး
ရင်နာနာနဲ့ ဆုပ်ကိုင်ထားမိခဲ့တဲ့အမှတ်တရတွေက
တကယ့်ကို ပြင်းထန်လွန်းပါတယ်:...........။
နာကျင်နေမှန်းသိရက်နဲ့ လွှတ်မချရက်
စိတ္တဇ္ဇဆန်ဆန် မှောင်မိုက်လွန်းလှတဲ့ညတွေထဲမှာပဲ
တစ်နေ့ ပြန်လာမှာပါဆိုတဲ့
ရူးမိုက်လွန်းတဲ့ အသိတရားတစ်ခုနဲ့တင်
ငါ့နှလုံးသားလေးကို အကျဉ်းချထားခဲ့ဖူးတယ်.........။
နာရီရဲ့လက်တံတိုင်းက နေဝင်ချိန်ကိုညွှန်ပြ
လမ်းမထက်တစ်နေရာမှာ သူရူးတစ်ယောက်အဖြစ်နဲ့
ညရဲ့မှောင်မိုက်မှုတွေကို ရင်နာနာနဲ့စားသုံးခဲ့ရဖူးတယ်
မိုးခါးရေတိုင်းကိုလည်း နှလုံးသားပေါ်
လောင်းချခဲ့ဖူးတယ်..........။
နင့်မျက်ဝန်းလေး ခဏလောက်ပဲဖြစ်ဖြစ်
ဖွင့်ကြည့်ပေးပါဟာ
အဖိုးအခအဖြစ် ပျံဝဲနေတဲ့ပျားဘုရင်လေးရဲ့
တပ်မက်မှုတွေကို ငါပြန်ပေးပါ့မယ်.........။
ကျူးပစ်က သစ္စာမဲ့ခြင်းတွေကို
မြှားတစ်င်းအဖြစ် ပစ်လွှတ်လိုက်တယ်တဲ့
ဒါဟာ မဖြစ်နိုင်ဘူးဆိုတာသိတယ်
ဒါ လက်ခံလို့ရတဲ့ အတိုင်းအတာ........။
သူ သွေးစွန်းခဲ့တဲ့လမ်းပေါ်မှာ
အပူအပင်မဲ့ အိပ်စက်
မျော်လင့်ခြင်းတွေ ခြုံလွှမ်းခဲ့တဲ့နေ့ရက်တိုင်းက
အသက်မဲ့ ခြောက်ကပ်ကပ်
ခေါ်သံတွေရဲ့ ပဲ့တင်မှုတွေက
ဝိုးတိုးဝါတား..............။
ဒါ မဖြစ်နိုင်ဘူး
ဒါတွေက လက်ခံလို့မရတဲ့အမှန်တရား
တကယ်ဆိုရင် အမှတ်တမဲ့လျှောက်ခဲ့တဲ့လမ်းတွေပေါ်
အမှတ်တရ ပန်းအကြွေတွေကောက်ခဲ့သင့်တယ်..........။
ပြန်ပေးပါ
ငါ့ရဲ့အိမ်မက်တွေ ပြန်ပေးပါ
စွန်းထင်းခဲ့တဲ့ မျော်လင့်ချက်တွေပြန်ပေးပါ
အရာရာထက်ပိုကိုးကွယ်ခဲ့တဲ့ သစ္စာတရားတွေပြန်ပေးပါ
ပြီးတော့ မနက်ဖြန်တိုင်းရဲ့သာယာမှုတွေ
ပြန်လည်ရှင်သန်ခွင့်ပေးပါ.......။
ငါ့ ဟစ်အော်တယ်
ဘယ်သူကြားလဲ
လှပတဲ့ပန်းခင်းရဲ့တစ်နေရာ
ပဲ့ကြွေခဲ့တဲ့ ပန်းတစ်ပွင့်ရဲ့အလှတရား
ဘယ်သူမြင်မှာလဲ
မြေသြဇာတွေ ခြောက်ခမ်းနေတဲ့
ပထဝီသင်ခန်းစာမှာ
တယုတယ ရေလောင်းပေါင်းသင်ခဲ့တဲ့
သာယာမှုတွေ ဘယ်သူသိမှာလဲ..........။
လမ်းဘေးက လမ်းမီးတိုင်းမှာ
တစ်နေရာစာ ခိုလှုံခွင့်ရခဲ့သူအဖို့
အမှောင်ဟာ ကြောက်စရာလန့်စရာ
သွေးပျက်စရာ...........။
မာကျူရီမီးသီးတွေက ဒီအကြောင်းတွေ
ငါ့ကို ပြောမပြခဲ့ဘူး
ခလုတ်တစ်ချက်နဲ့ သူသာယာခဲ့တယ်ဆိုတာပဲ
ငါ သိခွင့်ရခဲ့တယ်........။
တကယ်ဆို
ငါ သိခဲ့သင့်တာပေါ့
တစ်ချို့ ကတ္တရာထပ်ပိုးလွှာတွေက
စေတန်နတ်ရဲ့ ကျေးကျွန်တွေဆိုတာ
ဒါမှမဟုတ် သူရဲ့စေပါးတော်တွေဆိုတာ.........။
ငါငိုနေတယ်
ငါငိုပါရစေ
ငါ မနက်ဖြန်တိုင်းလဲ
ဆက်ပြီး ငိုနေမှာပဲ
မတန်မရာ ပေးဆပ်ခိုင်းခဲ့တဲ့
ကံတရားကို မုန်းတီးရွံရှာမိလို့..........။
ရင်ဝှက်ပန်းကလေးရယ်
မင်း ကြွေတာစောလွန်းတယ်
တကယ်ဆို မင်း
အလှတွေ ပဏ္ဍာဆင့်ပြီး
ဝေဝေဆာဆာ ဖူးပွင့်ခဲ့သင့်တာ.........။
ငါ မင်းအစား
အားလုံးကို ပြောပြပေးခဲ့ပါ့မယ်
မျက်ရည်တိုင်းရဲ့ ခါးသီးမှုအကြောင်း
ပြီးရင် အနမ်းတွေက
ဘယ်လောက်အထိ အဆိပ်သင့်ခဲ့တယ်ဆိုတာ
အားလုံးသိအောင် ပြောပြပေးခဲ့မယ်.........။
ဟော ပြောရင်းဆိုရင်း
ပထဝီဝင်စာအုပ်ထဲက မြေသားနံရံတွေက
ငါ့ကို လက်ယပ်ပြီး
လှမ်းခေါ်နေကြပြီ
ငါ အိပ်စက်ရတော့မယ်.........။
ငါ အိပ်စက်ဖို့ အချိန်ကျပြီ.........။
ဒီကဗျာလား...
အဆုံးမသတ်သေးပါဘူး
တောင်ကတုံးတွေ သစ်ပင်ပန်းမာန်နဲ့
စည်ဖြိုးလာတဲ့တစ်နေ့အထိ
ငါဆက်ရေးနေဦးမယ်........။
ပြီးတော့ ငါ
ဆက် ငိုနေဦးမယ်........။
ငါ့ရဲ့မနက်ခင်းတိုင်းမှာ
ကြက်မတွေ တွန်နေခဲ့ပြီ.......။
MC ကာရံလေး
http://mckaryanlayy.blogspot.com
Google Search - MC ကာရံလေး
{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Oct 1, 2017
"သွေးစွန်းနေသော ဟိုင်းဝေးလမ်းမထက်တစ်နေရာမှာ"
Subscribe to:
Post Comments (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...
No comments:
Post a Comment