{မင်္ဂလာပါ} Kသာမိုး(မန္တလေး) ကဗျာ blog ဆိုဒ်လေးကနေ လာရောက်အားပေးသူ ကဗျာချစ်ပရိတ်သတ်များအားလုံး ကို နွေးထွေးစွာ ကြိုဆိုပါတယ်
Aug 27, 2017
Aug 24, 2017
Aug 22, 2017
Aug 21, 2017
Aug 19, 2017
Aug 18, 2017
Aug 14, 2017
#facebookနှင့်phishing_link_အန္တရာယ်
1.phishing link ဆိုတာ........
Phishing link ဆိုတာ fake link တစ်မျိုးသုံးထားတဲ့ link ကို ခေါ်တာဖြစ်ပါတယ်.Browser ကနေ facebook အတွက် သီးသန့် phishing link လုပ်တဲ့ Wepsite တွေရှိပါတယ်.အဲ့ဒီ Wepsite တွေကနေ Phishing link ကို ရယူပြုလုပ်နိုင်ပါတယ်.phishing link ဆိုတာ မူရင်း link နဲ့ အနီးစပ်ဆုံးတူအောင် ဖန်တီးထားတဲ့ fake link တစ်မျိုးပါ.ဥပမာ.ဒီလင့်မှာ ဘာတွေဘာတွေလုပ်နိုင်တယ် ဘယ်လိုတွေရှိတယ် ဘယ်လိုအသုံဝင်တယ်ဆိုတာတွေကို ပြောပြပြီး facebook သုံးသူတော်တော်များရဲ့ accound တွေကို အယုံသွင်း hack ယူနေကြပါတယ်.phishing link တွေပြုလုပ်သူက မိမိတစ်ယောက်ထဲ ရွေးပြီးပို့တာမဟုတ်ပါဘူး.post တင်၍ဖြစ်စေ chat box ကနေဖြစ်စေ group တွေထဲကနေဖြစ်စေ app တွေ ပြုလုပ်၍ဖြစ်စေ အသုံးပြု၍ မိမိရဲ့ user name နဲ့ password ကို အလွယ်ရယူနေကြတာဖြစ်ပါတယ်.မူရင်း link နဲ့ phishing link ကို သေချာသတိထားပြီး ကြည့်ရင်တော့ phishing link မှာ မူရင်း link ထက် r တစ်လုံးကတော့ အမြဲတမ်းပိုနေတက်ပါတယ်.အကယ်၍ ကိုယ်ကြည့်ချင်တဲ့ site တစ်ခု ဖြစ်နေခဲ့ရင်တော့ ချပေးတဲ့ link က မဝင်ပဲ Browser ကနေ site ရဲ့ လိပ်စာရိုက်ထည့်ပြီး ဝင်ကြည့်ကြစေချင်ပါတယ် အဲ့တာက အသေချာဆုံးမို့လို့ပါ.
2.phishing link အသုံးဝင်ပုံ.........
Phishing link အသုံးဝင်ပုံကတော့ phishing link နဲ့ ပြုလုပ်ထားတဲ့ fake link တွေထဲ Facebook accound ရဲ့ gmail,password ကို ရိုက်ထည့်လိုက်ရုံနဲ့ phishing link ပြုလုပ်တဲ့သူရဲ့ phishing Wepsite Wall ထဲမှာ မိမိရဲ့ gmail တွေ password တွေက auto email ပို့ပြီးသားဖြစ်မှာပါ.တစ်နည်းပြောရရင် မိမိရဲ့ accound ကို hack တဲ့ သဘောမျိုးပါ.
3.Phishing link အန္တရာယ်.......
အခုတလော ကြုံတွေ့နေရတာတွေက facebook မသမာသူအများစုက phishing link အသုံးပြုပြီး facebook accound များကို hack ယူနေကြပါတယ်.အသုံးပြုတဲ့နည်းကတော့ phishing link ကို တိုက်ရိုက် link ချပေးပြီး မဝင်ခိုင်းပဲ Facebook Videos Download app,အပါအဝင် တခြား facebook နဲ့ သက်ဆိုင်တဲ့ facebook accound အသုံးပြုပြီး ဝင်ရောက်ရတဲ့ app တွေ အသုံးပြုပြီး accound များစွာကို hack ယူနေကြပါတယ်.facebook accound ရဲ့ mail(or)ph နဲ့ password ကို အလွယ်ရတဲ့ နည်းတစ်မျိုးလဲ ဖြစ်ပါတယ်.အများစု Fake link အနေနဲ့ အသုံးပြုနေတဲ့ link အချို့ကတော့ Sexy link များ, bank accound များ, Download site များ, facebook မှ link အချို့များ, facebook နဲ့ ချိတ်ဆက်ထားသည့် software app များ တွေဖြစ်ပါတယ်.အကောင်းဆုံးကတော့ user name နဲ့ passwort ပေးရမှာမျိုးဆို အလွယ်တကူ မပေးမိပါစေနဲ့.သင့်ကိုယ်ရေးအချက်အလက်တွေကို email ပို့ခိုင်းရင်လဲ မပို့ပေးမိပါစေနဲ့.
အောက်မှာက phisher တွေ အများဆုံးခုတုံးလုပ် အသုံးချတက်တဲ့ နာမည်ကြီး ကုမ္ပဏီ wepsite အချို့ပါ.ဒီအောက်ဖော်ပြပါအကြောင်းအရာလေးတွေကို မူရင်းရေးသားသူ ဆရာ Kyaw thiha (maximum) ကို credit ပေးပါတယ်.ဆရာ့ထဲကနေ ကူးယူဖော်ပြပေးတာ ဖြစ်ပါတယ်.
• Any major bank
• Popular websites such as Amazon, Facebook, MySpace, PayPal, eBay, Microsoft, Apple, Hotmail, YouTube, etc.
• Government: FBI, CIA, IRS, etc.
• Internet service providers such as AOL, Comcast, Cox, MSN, etc.
• Casinos and lottery.
• Online dating or community websites.
ကျွန်တော် သိသမျှလေးပဲ ချရေးထားတာမို့ လိုပယအပ်ချက်လေးတွေ အမှားအယွင်းလေးတွေတော့ ရှိမှာပါ ထောက်ပြပြင်ဆင်ဖတ်ရှုပေးကြပါခင်ဗျ.
Facebook Accound အား hack ခံရခြင်းရန်မှ ကင်းဝေးကြပါစေ.
စေတနာများစွာဖြင့်...........
MC ကာရံလေး
http://mckaryanlayy.blogspot.com

Aug 6, 2017
ခရေရိပ်.........သို့
ခရေရိပ်........သို့
ဦးတည်ချက်ပျောက်နေခဲ့တဲ့ ငါ့ခြေလှမ်းတွေ......
အသက်မဲ့လှမ်းလျှောက်လာတဲ့အချိန်......
ဟိုးအဝေးမှာ လူတစ်စု.....
နှလုံးသားကထွက်လာတဲ့ ခံစားချက်တွေကို
အနှပညာအဖြစ်ဖန်တီး ကဗျာတွေသီကုံးစပ်ဆိုနေကြလေရဲ့.......
ငါ့သည် ပညာတက်......
ငါသည် ဆရာတစ်ပါး.....
ငါသည် လူချမ်းသာ......
အတ္တမာန်မာနတွေဘေးဖယ်လို့...
လေလွင့်နေခဲ့တဲ့ ငါ့ကို နွေးထွေးတဲ့အပြုံးလေးနဲ့.....
ဆီးကြိုနေကြလေရဲ့........
ဘယ်တော့မှ မဖြစ်နိုင်တော့ပါဘူးဆိုတဲ့ငါ့ရဲ့အတွေးတွေနဲ့အတူ......
အရာရာမှာ အရှုံးပေးသိမ်ငယ်နေခဲ့တဲ့ငါစိတ်တွေ.......
အရာအားလုံး အတိတ်မှာခဝါချခဲ့ပြီး......
ခရေရိပ်ရဲ့ ကဗျာရွတ်ဖက်သံတွေနဲ့အတူ
ငါ့ရဲ့ အသစ်အသစ်တိုင်းကိုပြန်လည်ရှင်သန်နုပျိုစေခဲ့ပြီ......
ငါ အရမ်းပျော်နေခဲ့တယ်.......
ဒါပေမယ့်ပေါ့.......
နေဝင်ချိန်အလှတရားတွေက ငါ့ရဲ့အလွမ်းတွေကိုကြီးစိုးနေလေရဲ့.......
ကိုယ်စီတာဝန်တွေ ပြီဆုံးသွားတဲ့အချိန်....
နှုတ်ဆက်တဲ့ စကားလေးသံတွေနဲ့အတူ......
တစ်ယောက်တစ်နေရာစီ ခွဲခွာသွားကြပြန်တော့လည်း
ခရေရိပ်ဆိုတာ ခြောက်ကပ်တိတ်ဆိတ်လွန်းနေတယ်........
အင်း.....ဒီနေ့အဖို့တော့ လွမ်းခဲ့ရပြီ.....
ခရေရိပ်ရယ်.........
#MC_ကာရံလေး
http://mckaryanlayy.blogspot.com
ခရေရိပ် ကဗျာဝိုင်းသို့..........

Subscribe to:
Posts (Atom)
မိမာယာ
မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...
-
အပိုင်း(၁) ရတုသဘော ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကိ...
-
အပိုင်း(၂) ရကန်၏ သဘောသဘာဝ "ရကန်" ၏ ဝေါဟာရသည် "ရတု" မှ ဆင်းသက်လာသည်ဟု ထင်ရပါသည်။ ရကန်၏သဘောမှာ ရကန်ကဗျာကို ဖွဲ့နွဲ့သူက အ...
-
ကဗျာဆရာရေးတဲ့ ရည်းစားစာ ~~~~~~~~~~~~~~Kသာမိုး(မန်းမြေ) ကြယ်စင်တွေကြွေကျတာ ကမ္ဘာမြေကြီးရဲ့ဆွဲငင်အားကြောင့်ဆိုရင် ကဗျာဆရာတစ်ယောက်ရဲ့နှလုံးသာ...