Apr 18, 2017

ကယ္၍ ကိုယ္ ကမာ႓ေေျမေပၚက ထာဝရေပ်ာက္ကြယ္သြားခဲ့ရင္.....

အကယ္၍ ကိုယ္ ကမၻာေျမျပင္ေပၚက ထာ၀ရကြယ္ေပ်ာက္သြားခဲ့ရင္
လူမႈဘ၀


☆ ကိုယ့္အေၾကာင္းေတြ ေတြးၿပီး ၀မ္းနည္းမေနပါနဲ႔ ။ ကိုယ့္ကို တကယ္ပဲ သတိရရင္ ကိုယ္ ျဖစ္ေစခ်င္တာေတြ ျဖစ္ေအာင္ လုပ္ေပးပါ ။ ဥပမာ ေဆးလိပ္ မေသာက္တာမ်ိဳး အရက္ ဘီယာ ေရွာင္ တာမ်ိဳးေလးေပါ့ ။

☆ မရွိေတာ့တဲ့ ကိုယ့္ကို တမ္းတရင္း အခ်ိန္မျဖဳန္းပါနဲ႔ ။ ဘ၀မွာ ေအာင္ျမင္တဲ့ လူ တစ္ေယာက္ ျဖစ္ေအာင္ ႀကိဳးစားေနထိုင္ ေပးပါ ။

☆ တစ္ေယာက္တည္း ျဖစ္သြားလို႔ စိတ္ဓာတ္မက်ပါနဲ႔ ၊ အားမငယ္ပါနဲ႔ ၊ ကိုယ္ရွိေနတုန္းက ေပးခဲ့တဲ့ စိတ္ဓာတ္ခြန္အားေတြက တစ္ခဏတာ အတြက္ မဟုတ္ပါဘူး။ တစ္ဘ၀စာပါ။

☆ ဘယ္လို အေျခအေနမ်ိဳးမွာပဲ ျဖစ္ျဖစ္ ႐ိုးသားစြာ ေနထိုင္ပါ ။ ႐ိုးသားမွ ုအတြက္ ထာ၀ရ ဂုဏ္ယူေနေစခ်င္တာ ကိုယ့္ရဲ႕ဆႏၵပါ ။

☆ ကိုယ္ခ်စ္တဲ့သူဟာ မိမိကိုယ္ပိုင္ေငြ မဟုတ္ဘဲ လုပ္ငန္းတာ၀န္အရေသာ္လည္းေကာင္း ပုဂၢိဳလ္ေရးအရ ေသာ္လည္းေကာင္း ေခတၱခဏ တာ၀န္ယူထိန္းသိမ္းေပးထားရတဲ့ တပါးသူရဲ႕ ေငြေၾကးဥစၥာအေပၚမွာ အနည္းငယ္ေလးေတာင္ သာယာစိတ္ မ၀င္မိပါေစနဲ႔ ။ ေငြနဲ႔ ပတ္သတ္ၿပီး သိကၡာမက်ပါေစနဲ႔ ။

☆ ကတိတစ္ခု ကို လြယ္လြယ္ကူကူ မေပးမိပါေစနဲ႔ ။ ထို႔အတူပဲ စကားတစ္ခြန္းကို လြယ္လြယ္ကူကူ မေျပာပါနဲ႔ ။ လူတိုင္းက ကိုယ္မဟုတ္တဲ့အတြက္ အခါတိုင္း နားလည္ေပးမွာ မဟုတ္လို႔ပါ ။

☆ ဘဝခရီးလမ္း တစ္ေလွ်ာက္မွာ ဆံုးရႈံးမႈေတြ အခက္အခဲေတြ ႀကံဳဆံုလာရတိုင္း လြယ္တကူ အ ေလွ်ာ့ေပးလိုက္ဖို႕ မဆံုးျဖတ္ပါနဲ႕။ လဲက်ေနတဲ႔ အခိုက္အတန္႕မွာ ထူေပးမယ့္လူ မရွိလို႕လည္း စိတ္ဓာတ္မက်ပါနဲ႕။ မိမိကိုယ္သာ ကိုးကြယ္ ရာပါ ။ စိတ္ပ်က္အားေလ်ာ့ေနလို႕ ဘာမွျဖစ္မလာပါဘူး။ နာက်င္ မႈေတြကို ႀကံ႕ႀကံ႕ခံၿပီး ဆက္ေလွ်ာက္ပါ။

☆ ျဖစ္သင့္တာထက္ .... ျဖစ္ခ်င္တာကို ဦးစားမေပးပါနဲ႔ ။ ခုခ်က္ခ်င္းထလုပ္ရင္...ျပီးသြားေလာက္မယ္႔ကိစၥကို အခ်ိန္မဆြဲပါနဲ႕။
ေနာင္တဆိုတာ အခ်ိန္လြန္မွ ရတတ္တာမ်ိဳးပါ ။ တန္ဖိုးထားသင့္တဲ့အရာေတြဟာ အမ်ားေသာ အားျဖင့္ အစား ျပန္မရတတ္ပါဘူး ။

☆ က်န္းမာေရးဂ႐ုစိုက္ပါ ။ မိုး႐ြာထဲမွာ ထီးမပါဘဲ မသြားပါနဲ႔ ။ ထီးကိုင္ရမွာလည္း မပ်င္းပါနဲ႔ ။ ေနမေကာင္း ျဖစ္ရင္ ေဆးပတ္လည္ေအာင္ မေသာက္ခ်င္လည္းပဲ ကိုယ္ပူညံပူညံ ေျပာခဲ့တာေတြ ကို သတိရၿပီးေသာက္ေပးပါ ။

☆ ေရွ႕ဆက္ရမယ့္ ဘ၀ခရီးမွာ သင့္ေတာ္ေကာင္းမြန္တဲ့ လက္တြဲေဖာ္ေတြ႕ခဲ့ရင္ အသက္ရွင္လ်က္ မရွိေတာ့တဲ့ ကိုယ့္ကို အားနာမေနဘဲ ေ႐ြးခ်ယ္လိုက္ပါ ။ ဘ၀ကို ေအာင္ျမင္ ေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္းနိုင္တဲ့ လူေကာင္းလူေတာ္ေလး အျဖစ္နဲ႔ သက္ဆံုးတိုင္ ေနထိုင္သြားေပးပါ ။

Credit: ChelmoTeam

ဒီအေၾကာင္းအရာေလးကို သေဘာက်တယ္ဆုိရင္ share ေပးျခင္းအားျဖင့္ သင့္သူငယ္ခ်င္းမ်ားအား ဗဟုသုတ ေဝမွ်ႏိုင္ျခင္းႏွင့္ သင္လုိအပ္တဲ႔အခါ သင့္ စာမ်က္နွာမွာ အလြယ္တကူျပန္ၾကည့္လုိ႔ရမွာျဖစ္ပါတယ္။


Unicode Version
အကယ်၍ ကိုယ်ဆိုတဲ့ လူတစ်ယောက် ကမ္ဘာမြေပြင်ပေါ်က ထာဝရကွယ်ပျောက်သွားခဲ့ရင်

☆ ကိုယ့်အကြောင်းတွေ တွေးပြီး ၀မ်းနည်းမနေပါနဲ့ ။ ကိုယ့်ကို တကယ်ပဲ သတိရရင် ကိုယ် ဖြစ်စေချင်တာတွေ ဖြစ်အောင် လုပ်ပေးပါ ။ ဥပမာ ဆေးလိပ် မသောက်တာမျိုး အရက် ဘီယာ ရှောင် တာမျိုးလေးပေါ့ ။

☆ မရှိတော့တဲ့ ကိုယ့်ကို တမ်းတရင်း အချိန်မဖြုန်းပါနဲ့ ။ ဘဝမှာ အောင်မြင်တဲ့ လူ တစ်ယောက် ဖြစ်အောင် ကြိုးစားနေထိုင် ပေးပါ ။

☆ တစ်ယောက်တည်း ဖြစ်သွားလို့ စိတ်ဓာတ်မကျပါနဲ့ ၊ အားမငယ်ပါနဲ့ ၊ ကိုယ်ရှိနေတုန်းက ပေးခဲ့တဲ့ စိတ်ဓာတ်ခွန်အားတွေက တစ်ခဏတာ အတွက် မဟုတ်ပါဘူး။ တစ်ဘဝစာပါ။

☆ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ရိုးသားစွာ နေထိုင်ပါ ။ ရိုးသားမှ ုအတွက် ထာဝရ ဂုဏ်ယူနေစေချင်တာ ကိုယ့်ရဲ့ဆန္ဒပါ ။

☆ ကိုယ်ချစ်တဲ့သူဟာ မိမိကိုယ်ပိုင်ငွေ မဟုတ်ဘဲ လုပ်ငန်းတာဝန်အရသော်လည်းကောင်း ပုဂ္ဂိုလ်ရေးအရ သော်လည်းကောင်း ခေတ္တခဏ တာဝန်ယူထိန်းသိမ်းပေးထားရတဲ့ တပါးသူရဲ့ ငွေကြေးဥစ္စာအပေါ်မှာ အနည်းငယ်လေးတောင် သာယာစိတ် မဝင်မိပါစေနဲ့ ။ ငွေနဲ့ ပတ်သတ်ပြီး သိက္ခာမကျပါစေနဲ့ ။

☆ ကတိတစ်ခု ကို လွယ်လွယ်ကူကူ မပေးမိပါစေနဲ့ ။ ထို့အတူပဲ စကားတစ်ခွန်းကို လွယ်လွယ်ကူကူ မပြောပါနဲ့ ။ လူတိုင်းက ကိုယ်မဟုတ်တဲ့အတွက် အခါတိုင်း နားလည်ပေးမှာ မဟုတ်လို့ပါ ။

☆ ဘဝခရီးလမ်း တစ်လျှောက်မှာ ဆုံးရှုံးမှုတွေ အခက်အခဲတွေ ကြုံဆုံလာရတိုင်း လွယ်တကူ အ လျှော့ပေးလိုက်ဖို့ မဆုံးဖြတ်ပါနဲ့။ လဲကျနေတဲ့ အခိုက်အတန့်မှာ ထူပေးမယ့်လူ မရှိလို့လည်း စိတ်ဓာတ်မကျပါနဲ့။ မိမိကိုယ်သာ ကိုးကွယ် ရာပါ ။ စိတ်ပျက်အားလျော့နေလို့ ဘာမှဖြစ်မလာပါဘူး။ နာကျင် မှုတွေကို ကြံ့ကြံ့ခံပြီး ဆက်လျှောက်ပါ။

☆ ဖြစ်သင့်တာထက် .... ဖြစ်ချင်တာကို ဦးစားမပေးပါနဲ့ ။ ခုချက်ချင်းထလုပ်ရင်...ပြီးသွားလောက်မယ့်ကိစ္စကို အချိန်မဆွဲပါနဲ့။
နောင်တဆိုတာ အချိန်လွန်မှ ရတတ်တာမျိုးပါ ။ တန်ဖိုးထားသင့်တဲ့အရာတွေဟာ အများသော အားဖြင့် အစား ပြန်မရတတ်ပါဘူး ။

☆ ကျန်းမာရေးဂရုစိုက်ပါ ။ မိုးရွာထဲမှာ ထီးမပါဘဲ မသွားပါနဲ့ ။ ထီးကိုင်ရမှာလည်း မပျင်းပါနဲ့ ။ နေမကောင်း ဖြစ်ရင် ဆေးပတ်လည်အောင် မသောက်ချင်လည်းပဲ ကိုယ်ပူညံပူညံ ပြောခဲ့တာတွေ ကို သတိရပြီးသောက်ပေးပါ ။

☆ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ သင့်တော်ကောင်းမွန်တဲ့ လက်တွဲဖော်တွေ့ခဲ့ရင် အသက်ရှင်လျက် မရှိတော့တဲ့ ကိုယ့်ကို အားနာမနေဘဲ ရွေးချယ်လိုက်ပါ ။ ဘဝကို အောင်မြင် ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်တဲ့ လူကောင်းလူတော်လေး အဖြစ်နဲ့ သက်ဆုံးတိုင် နေထိုင်သွားပေးပါ ။

Credit: ChelmoTeam

အရင်တင်ထားတဲ့  လူကြိုက်အများဆုံး လူမှုဘဝအကြောင်းအရာများကို  ပြန်ဖတ်ချင်တယ်ဆိုရင် ဒီကိုနှိပ်လိုက်ပါ
Share လုပ်ပြီး မျှဝေပေးတာလဲမေတ္တာတစ်ခုပါ။
အမြဲတမ်းအားပေးဖတ်ရှု့တဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ် 💝

#MC_ကာရံေလး


No comments:

Post a Comment

မိမာယာ

မိမာယာ ********** Kသာမိုး(မႏၱေလး) နီးနီးေလးပါပဲ တကယ္ကို နီးနီးေလးပါပဲ တို႔ေတြဟာ ေက်ာခ်င္းကပ္ရဲ႕ နီးကပ္ခဲ့ၾက။ ျပန္မလာေတာ့ဘူးဆိုတာ သိတာေပ...