Jun 1, 2020

မိမာယာ

မိမာယာ
********** Kသာမိုး(မန္တလေး)

နီးနီးလေးပါပဲ
တကယ်ကို နီးနီးလေးပါပဲ
တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။

ပြန်မလာတော့ဘူးဆိုတာ သိတာပေါ့
အဲဒီအိပ်မက်တွေကိုပဲ ဆုပ်ကိုင်ပြီး
အကြိမ်ကြိမ်ပြန် အိပ်စက်ခဲ့ရဖူးတာပေါ့
မျော်လင့်ချက်တွေဟာ
တကယ်တော့ အကွဲအရှအပျက်အစီးလွယ်လွန်းတယ်မိမာယာ။

တစ်ခါတလေ တိမ်စိုင်တွေကို ငေးကြည့်ခဲ့တယ်
နင်များ လွင့်မျောလာမလား...
တခါတလေ ပန်းခင်းကလေးတွေထဲ လိုက်ရှာမိတယ်
နင်များ ဖြူဖြူစင်စင်နဲ့ ဖူးပွင့်နေမလား...
တစ်ခါတလေ သစ်ရွက်ကြွေတွေပေါ် ဖြတ်လျှောက်ကြည့်တယ်
နင့်ခြေသံလေးတွေ နီးကပ်လာလေမလား။

ငါဟာ တကယ်တော့
နင့်စိတ်နဲ့ Psycho ဖောက်နေတဲ့
လမ်းဘေးက အရိပ်ရသစ်ပင်လေးတစ်ပင်ပါ။

နင့်စိတ်နဲ့ ငိုကြွေးနေတဲ့ကဗျာပါ
ငါ့ခြေထောက်တွေဟာ
ဦးတည်ချက်မဲ့ ပျောက်ရှနေတဲ့
လှေငယ်လေးတစ်စင်းပါ
နင်ဟာ ငါ့ကိုရွှဲရွှဲစိုစေမယ့်
မိုးသားတိမ်စိုင်တွေပါ မိမာယာ...။

နင်တစ်ယောက် ကျမ်းမာပါစေ
နင့်အိပ်ယာဘေးက
ဘာဘီရုပ်ကလေးရဲ့ရင်ဘတ်ကို တစ်ခါနိုပ်တိုင်း
ငါငိုနေတဲ့အသံတွေ မင်းကြားပါစေ
ငါနင့်ကို လွမ်းလို့ငိုတဲ့အခါတိုင်း
နင့်မျက်ဝန်းမှာ ပန်းတွေပွင့်ပါစေ။

ဘဝဆက်တိုင်းဆက်တိုင်း
ငါ့ဆုတောင်းဟာ
ဒီအတိုင်းသာ နင့်ရင်မှာသက်ရောက်ပါစေမိမာယာ
ဒီအတိုင်းသာ သက်ရောက်ပါစေ။

Kသာမိုး(မန္တလေး)
2/6/2K20

မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...