Jul 16, 2016

အပိုင်း (၁) - ရတုသဘောသဘာဝ

အပိုင်း(၁)

ရတုသဘော


ရတုဟူသော ဝေါဟာရသည် လင်္ကာမှ ပေါက်ဖွားလာသော ကဗျာအမျိုးအစားတစ်မျိုးပင်ဖြစ်သည်။ ကဗျာအဖွဲ့အနွဲ့ ဖွဲ့ဆိုရာတွင် ကဗျာ၏ပထမပိုဒ်ကို ဧကပိုဒ်၊ ဒုတိယပိုဒ်ကို အဖြည့်ခံ၊ တတိယပိုဒ်ကို ပိုဒ်စုံရတုဟု ခေါ်ဆိုသည်။ သို့သော် တစ်ပိုဒ်ထဲဖွဲ့ဆိုသော ရတု၊ နှစ်ပိုဒ်ထဲဖွဲ့ဆိုသော ရတုများလည်းရှိသည်။ "ရတု" ဆိုသည်မှာ သက္ကတဘာသာစကား ရိတု မှ ဆင်းသက်လာခြင်းဖြစ်သည်။ ရိတု ကို မြန်မာပြန်သော် ရာသီဟူ၍ အနက်အဓိပ္ပါယ်ရသည်။ မြန်မာ ပေါရာဏမှ ဆင်းသက်လာသော ရတု လည်းရှိသည်။ ပေါရာဏရတုသည် သဘင်အခန်းအနား၊ အခြေအနေဟူ၍ အနက်အဓိပ္ပါယ်ရှိသည်။ ပထမ အင်းဝခေတ်တွင် "ပဌမ မင်းခေါင်ကြီး" က မြန်မာမှုကို အားပေးသဖြင့် ၇၆၃ ခုနှစ်တွင် ကျေးစေမောင်မယ်ဘွဲ့ရတုများ ပေါ်ပေါက်ခဲ့သည်။ အခြားရတုများစွာလည်း ရှိသေးသည်။ ရတုမှ ဆက်နွယ်၍ ရကန် ဟူသော ကဗျားများလဲ ပေါ်ပေါက်ခဲ့ပေသည်။

ဆက်ရန် - ရကန်၏ သဘောသဘာဝ

Copy -  ဖုံးကွယ်နေသော အမတေ နှင့် အမတေ ဖြစ်သည်ရာ (အောင်ကိုထွန်း)

                                  MC ကာရံလေး
                                  Ph - 09259222024
                                  Ph - 09787420275


သိသူကျော်သွား မသိသူဖော်စား

ကဗျာချစ်သူများအားလုံးမင်္ဂလာပါ ကျွန်တော် MC ကာရံလေး မှ မြန်မာ့ကဗျာစာပေများ တိမ်မြုပ်ပျောက်ကွယ်မသွားစေရန်ရည်ရွယ်၍ ခေတ်အဆက်ဆက်မှ ပေါ်ထွန်းလာခဲ့သော ကဗျာလင်္ကာသဘောများနဲ့ ဖွဲ့ဆိုပုံတွေကို ကျွန်တော် လေ့လာမှတ်သားမိသလောက် အပိုင်းခွဲ၍ အောက်ပါ လိပ်စာများအတွင်း ဖော်ပြပေးသွားမှာပါ
အခုလိုဖော်ပြပေးရခြင်းကလဲ ကျွန်တော် တော်နေတက်နေလို့လဲမဟုတ်ပါဘူး ပညာရှင်တစ်ယောက်လဲမဟုတ်ပါဘူး ကျွန်တော့်လို ကဗျာစာပေလိုက်စားနေသူများ/ကဗျာချစ်သူများ/ကျွန်တော့်လို လေ့လာနေသူများ/ကဗျာစာပေဝါသနာပါသူများ အတွက် ဗဟုသုတရစေယုံသာမက တစ်ဖက်တစ်လမ်းကနေ မြန်မာ့ကဗျာစာပေပညာကို ဆိတ်သုန်းပျောက်ကွယ်မသွားစေရန် ရည်ရွယ်တာပါ ယခုဖော်ပြပေးမှာကလဲ စာအုပ်များထဲ ဖော်ပြပါရှိပီးသားအကြောင်းရာတွေကို Copy လုပ်၍ ဖော်ပြပေးမှာပါလို့ ကျွန်တော် ကြိုတင်ဝန်ခံထားပါရစေ
မြန်မာ့ကဗျာစာပေကိုမှ ချစ်မြတ်နိုးသူတွေအတွက် အထောက်အကူဖြစ်မယ်လို့လဲ ကျွန်တော်ယုံကြည်ပါတယ် ကျွန်တော့်ရဲ့အထက်က ဆရာ့ဆရာကြီးများကိုလဲ အမှားပါခဲ့ရင် သည်းခံခွင့်လွတ်ပေးကြပါလို့ လိုအပ်တာများရှိခဲ့ရင်လဲ ဝေဖန်ထောက်ရှုပေးကြပါ
ကျွန်တော့်ရဲ့ facebook အကောင့်လေးက လူသိနည်းသေးတာကတစ်ကြောင်း friend သိပ်မများသေးတာက တစ်ကြောင်းတို့ကြောင့် ကျွန်တော့် blog ဆိုဒ်လေးနဲ့ facebook စာမျက်နှာမှာပါ ဖော်ပြပေးမှာပါ
အကယ်၍ လိုအပ်ပါကလည်း ကျွန်တော့် Viber မှာ လာရောက် မေးမြန်းနိုင်ပါတယ်
တစ်ရက်ကို တစ်မျိုးနှုန်းဖော်ပြပေးမှာပါ
ကျွန်တော့်ရဲ့အခက်အခဲအရ အချိန်ကြာမြင့်ခဲ့ရင်လဲ သည်းခံနားလည်ပေးကြပါ

ဖော်ပြပေးမည့် ခေါင်းစဉ်များ -
၁။ ရတုသဘော
၂။ ရကန်၏ သဘောသဘာဝများ
၃။ အဏ်ချင်း၏ သဘောသဘာဝများ
၎။ တုံးချင်း(ဝါ)ဒုံးချင်းသဘော
၅။ အိုင်ချင်းသဘောသဘာဝ
၆။ သာချင်းသဘောသဘာဝ
၇။ ပျို့သဘော
၈။ တောလားသဘော
၉။ မော်ကွန်းသဘော
၁၀။ ဧချင်းသဘော
၁၁။ ကာချင်းသဘော
၁၂။ ဘောလယ်သဘော
၁၃။ တေးထပ်သဘော
၁၄။တေးထပ်နမူနာလေ့လာရန်

ဖော်ပြပေးမယ့် ဆိုဒ်က -

Facebook လိပ်စာ
www.facebook.com/MC Karyanlay

Facebook page
www.facebook.com/MC ကာရံလေး

Blogger
http://mckaryanlayy.blogspot.com

                           MC ကာရံလေး
                           Ph - 09259222024
                           Ph - 09787420275


Jul 3, 2016

ကာရံလေး ပြန်လာပြီ

ကျွန်တော့် blog နဲ့ ပရိတ်သတ်ကြီးနဲ့ဝေးကွာခဲ့ရတာ နှစ်လနီးပါးခန့်ရှိခဲ့ပါပြီ အခု ကျွန်တော်အရင်လို blog များအား ပြန်တင်ပါတော့မယ် အစဉ်အမြဲကြိုးစားနေလျက်
                               MC ကာရံလေး


မိမာယာ

မိမာယာ ********** Kသာမိုး(မန္တလေး) နီးနီးလေးပါပဲ တကယ်ကို နီးနီးလေးပါပဲ တို့တွေဟာ ကျောချင်းကပ်ရဲ့ နီးကပ်ခဲ့ကြ။ ပြန်မလာတော့ဘူးဆိုတာ သိတာပေ...